



ဒီအကြောင်းပြောရင် အသည်းဘ၀င်မှာ လူသားတွေရဲ့ စွမ်းဆောင်ရည်ကို အားကျတန်ဖိုးထားမိမှာ အမှန်ပါ။ ဘာကြောင့်လည်းဆိုတော့ လူသားတွေ လုပ်ထားတဲ့ ဒီ အုန်းပင်ပုံစံ ကျွန်းကြီးကြောင့် ပါ။ ပြီးတော့အာရေဗီရမ် ပင်လယ်ရဲ့ ရှူ့မောဖွယ်ကြည်ပြာနေတဲ့ ရေပြာပြာနဲ့ သင့်ရဲ့စိတ်ကူးတွေဟာတစ်ကယ်ကို လတ်ဆတ်သွားမှာအမှန်ပါပဲ။ ဒီနိုင်ငံ မှာ တော်တော်များများ ကတော့ လူတွေလုပ်ထားတာများပါတယ်၊ သဘာဝဆိုလို့ သူတို့ရဲ့ ရွှေဝါရောင်ကန္တာရ တွေရယ် မြေကြီးအောက်က အတိုင်းအဆမရှိ စီးဆင်းထွက်ရှိနေတဲ့ ရေနံတွေရယ်ပါ။
အဲဒီ ကျွန်းကြီးပေါ်မှာ လည်း ကမ္ဘာ့အကြီးဆုံးနဲ့ ဇိမ်အကျဆုံးဟော်တယ်ကြီးက ဒူဘိုင်းမြို့ရဲ့ အဓိက ဆွဲဆောင်မူတွေကထဲက တစ်ခုပေါ့။ အခန်းပေါင်း ၁၅၀၀ ကျော်နဲ့ အရမ်းကြီးမားလှတဲ့ ဒီ ဟော်တယ်ကြီးရဲ့ တစ်ချို့အခန်းတွေဆိုရင် ရေအောက်မှာ ရောက်နေတဲ့ အလားထင်မှတ်ရမှာပါ။ နှစ်ယောက်ခန်းတစ်ခန်းကို အနည်းဆုံးတော့ ဒေါ်လာ 500 လောက်ရှိပါတယ်၊ တစ်ချို့ တစ်နိုင်ငံတည်းက ဧည့်သည်တွေအနေနဲ့လည်း နေ့ချင်းပြန်ခရီးများလည်း စီးစဉ်ပေးထားပါတယ်။ လည်စရာပတ်စရာများလွန်းလှပါတယ် ငွေများများ တော့ထည့်သွားပေါ့။ နိုင်ငံတကာအဆင့်မှီ အစားအစာတွေရတဲ့ စားသောက်ဆိုင်တွေ ( မြန်မာ့ထောပတ် ဘိန်းမုန့်တောင်ရဧ။် )၊ ကမ္ဘာကျော် ဇိမ်အနှိပ်ခန်းမကြီးတွေ၊ Dolphin Bay လို့ခေါ်တဲ့ ကန္တာရရဲ့ ယဉ်ကျေးသိမ့်မွေ့တဲ့ လပိုင်လေးးကိုမြင်တွေ့နိုင်တဲ့ နေရာတွေ၊ ကျေနပ်နှစ်သိမ့်မှူတွေ အပြည့်အ၀ပေးစွမ်းနိုင်တဲ့ Aqua venture၊ ပျောက်ဆုံးသွားတဲ့ အတ္တလန္တိတ်ရေအောက်မြို့ တော်ကြီးပြကွက်ရှိတဲ့ Lost undersea city၊ ကလေးငယ်တွေနဲ့ အရွယ်ရောက်သူတွေအတွက် kids and teens club၊ cosmopolitan boutiques ဆိုင်တွေ၊ အကြိုက်ဆုံးကတော့ ပျောက်ဆုံးသွားတဲ့ ရေအောက်မြို့တော်ကြီးကို ခမ်းခမ်းနားနားခင်းကျင်းပြသ ထားတဲ့ ပြကွက်ပါ ဖော်ပြမနိုင်အောင်ပါပဲ။ မြကျွန်သားတို့၊ ရှူ့ခင်းသာတို့နဲ့ မတိမ်းမယိမ်းပဲသာတဲ့ ကြီးမားတဲ့ ရေလွှာလျှောစီးတွေ အဲဒါကလည်း ငမန်းတွေကြားက သွားရမှာမို့ တစ်ကယ့် ရင်သပ်ရှုမောဖွယ်ပါပဲ။ ဒီတစ်နေ့တာခရီးလေးက မြန်မာငွေနဲ့ဆို ၀င်ကျေးကြီးပဲ ၉၀၀၀၀ ကျပ်လောက်ပဲကျမှာပါ အဲမှာအလုပ်လုပ်တဲ့ သူငယ်ချင်းရှိရင်တော့ တစ်ခါတစ်လေ ဖရီးဒိုင်ပင်ထိုးလို့ရတာပေါ့၊ ဒါပေမယ့် ဒီခရီးစဉ်က မြန်မာပြည်သားလေးအဖို့တော့ တန်ခဲ့ပါတယ်။ တစ်ညမတည်းနိုင်ခဲ့ပေမယ့် တစ်နေတော့ကင်မရာအပြည့်ရိုက်ခဲ့တာပေါ့။ ခုနက ငွေက ပျောက်ဆုံးမြေအောက်မြို့ကြီးနဲ့ သန်းပေါင်းများစွာသော သဘာဝ ငါးတွေကိုကြည့်ဖို့ဝင်ကျေးပဲရှိပါသေးတယ်။ လင်းပိုင်လေးတွေနဲ့ ပလူးချင်သေးရင်တော့အဟင်း လခတစ်လစာတော့ ကြိုထုပ် ကာသာဆောင်သွားပါနော် ။ ဒါပေမယ့် အဲမှာ နေ့ချင်းပြန်ဧည့်သည်တွေအလွန်များပါတယ် ။ ဒီနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ဥရောပ၊ အာရှ နဲ့ အမေရိကနိုင်ငံအစုံကပေါ့။ တစ်ကယ်ဆန္ဒရှိလို့လာရောက်လည်ပတ်ချင်ပါတယ်ဆိုရင် အစအဆုံးဝန်ဆောင် ပေးမှာပါ။
No comments:
Post a Comment
သင့် ရဲ့တန်ဖိုးရှိလှတဲ့အချိန်လေးမှာ အခုလိုရေးသွားတဲ့ အတွက်ကျေးဇူးပါ။ :)