Wednesday, July 22, 2009

မြန်မာပြည်ကလူငယ်တွေကိုသိစေချင်တယ်ဗျာ

ဒီအကြောင်းလေးကိုပြောချင်နေတာကြာပါပြီဗျာ နိုင်ငံခြားရောက်ပြီး ၃လလောက်နေပြီးကတည်းက ပေါ့၊ အမှားပါရင်လည်းခွင့် လွှတ်ပေးကျပါ။ ဒီလိုဗျ ကျွန်တော်က ယူအေအီးမှာပါ ဗျာ၊ ဒီနိုင်ငံမှာ အလုပ်လာလုပ်ကျတဲ့ နီပေါ့တို့ ၊ ပါကင်စ္စတန်တို့ ၊ အိန္ဒိယ ၊ဖိလစ်ပိုင်တို့ ရဲ့အကြောင်းပေါ့ဗျာ ။ ဒါပေမယ် အဓိကကတော့ ကျွန်တော့တို့ မြန်မာ ပြည်မှာဘာမှမလုပ်ပဲ ၁၀၉ ၁၁၀ လုပ်နေ သူတွေ ဆိုဒ်ကားနင်းနေသူတွေ အဲ့သူတွေကိုလည်း သိစေချင်တယ်ဗျာ။ ကျွန်တော်က ဟိုတယ်ဝန်းထမ်းတစ်ယောက်ပါ ဒီတော့ က ဟိုတယ်မှာရှိတဲ့ အဲ့နိုင်ငံသားတွေ အကြောင်းပေါ့ဗျာ။

သူတို့တွေရဲ့ လစာက မြန်မာငွေကျေး နဲ့ ဆို နဲဘူးဗျ ။ ဒါ ပေမယ့် သူတို့ကျတော့ ဘာမှာ သိပ်ပြီးသိကျတာမို့ဘူး။ ဥပမာ ဆားဗစ်ပိုင်းကိုစပြောမယ်ဗျာ များသောအားဖြင့်တော့ ဖထုပ် တွေပေါ့(ဖီလင်ပင်း ) သူတို့တွေက အီးကောင်းတယ်ဗျာ၊ ကောင်းဆို အများက ခရစ်ရှန်တွေနဲ့ သူတို့စကား ရဲ့ အာဖာဘက် ကအီးကို အခြေခံထားတာကိုးဗျ။ သူတို့တွေက ဆားဗစ် (၀ိတ်တာ) ပိုင်းကိုသာ လုပ်နေတာ သိပ်လည်း အပြုံးမရှိ ၊ နောက်ခံအ လုပ်အတွေ့ကြုံကလည်း ဆေးရုံတို့ ဘာတို့ အရောင်းဝန်ထမ်းတို့ဆိုတာပဲတွေ့ရတယ် ၊ တစ်ချို့ ဆို ဘာမှကို လုပ်ဖူးဘူး၊ ဒါ ပေမယ်အီးနဲနဲကောင်းတယ်ပေါ့။ သူတို့က ကိုယ့်ထက်သာတာက နိုင်ငံခြားသားတစ်ယောက်ပြောလိုက်တာကို နားရည်လည် တယ်ပေါ့ဗျာ။ သူတို့ကကိုယ့်ထက်လည်း ဖောကောင်းတယ်ဗျ မွှတ်နေတာပဲ ဒီကလူတွေသိကျပါတယ်။ တစ်ချို့ မန်နေဂျာတွေ ဆိုရင် ကိုယ့်လောက်တောင်ဧည့်သည်ကို ရိုကျိုးပုံ မရကျဘူး။ အင်းပြောရင်တော့အများကြီးပဲ ။သူတို့ကဒီမှာအင်အားကလည်း သိပ်တောင့်တယ်ဗျ။ ပြီးရင်တော့ နီပေါ၊ အိန္ဒိယ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာတို့ ပေါ့ဗျာ။ သူတို့တွေကို ဟိုတယ်ရဲ့ နေရာအစုံ မှာ တွေ့နိုင်တယ်ဗျာ အီးကျတော့ ကောင်းဘူးဗျာ ကောင်းသူလည်း မဆိုးဘူးပေါ့ဗျာ။ သူတို့ ဘာသိလည်း ဆိုတော့ ဘာမှ သိပ်သိလှတယ်ရှိဘူး အခန်းဖော်တစ်ယောက်ဆို ပေါတောတောနဲ့ သူတို့အချင်းချင်းတောင်အဖတ်မလုပ်ချင်ဘူး။ အသက်က လည်းလိမ်ထားသေးတယ်၊ တစ်ချို့တွေဆို ဒီမှာ စတီးဝပ်ဒင်းပေါ့ဗျာ (အိုက်တိုးပဂေးစံ ) ဘာအီးမှာမသိဘူး ရက်စ်နိုး နဲ့ ဟောင်း အားယူ ပေါ့ဗျာအဲဒါပဲသိတယ် အလုပ်တော့ လုပ်တယ်ပေါ့ဗျာ။ အပေါ်မှာချတဲ့အတင်းတွေကလည်း များသွားပြီဗျာ။ အဓိက ပြောချင်တာကတော့ ကျွန်တော့်တို့မြန်မာပြည်မှာ ဒီတိုင်းဘာမှမလုပ်ပဲ မိဘလုပ်စာထိုင်စား၊ ကြက်တိုက် ၊ ခြင်းလုံးခတ် ၊ စွန်လွတ်၊ တစ်ချို့ဆိုဘွဲ့ရပြီးဘာမှ ရေရေရာရာမလုပ် (တိုက်ဆိုင်ရင်လည်းအားလုံးတောင်းပန်တယ်ဗျာ ) ဒီထက် ဆိုးသူတွေ တောင်ရှိသေး အဲ့လိုအချိန်တွေဖြုန်းနေမယ့်အစား အီးသင်တန်းလေးတွေ လျှောက်တတ်၊ အဲဒါတောင် ဘုန်းကြီးကျောင်းမှာ ဆို ဘာမှသိပ်မကုန်ပါဘူးဗျာ၊ ကျွန်တော်ကိုယ်တိုင်လည်း တောင်ဥက္ကလာအောင်နန်းတော်ကျောင်းထွက်ပါ။ ပြီးတော့စကားပြော တတ်ပြီဆိုရင် ဟော်တယ်သင်တန်းလေးတော့တတ်ပေါ့၊ ဒါလေးတော့ရင်းပေါ့ အသက်ကြီးအတွေ့အကြုံရှိတဲ့ ဆရာဆရာမ တွေကြီးပဲ HTTC မှာက။ ပြီး၇င်အေးဂျန့်လေးတွေသွားပေါ့ ကောင်းတာကတော့ Excutive Search ပေါ့ဗျာ၊ ကျွန်တော်လည်း အဲ့ကိုဖုန်းဆက်ရဦးမယ် သူတို့က လူတွေကို အတွေ့အကြုံကောင်း၂ရှိမှ ဗျူးချင်တယ်ဗျ။ ဒီမှာလာနေတာ သူများနိုင်ငံသားတွေ တစ်ဖွဲဖွဲပဲ ဘာတွေ့ကြုံမှရှိဘူး၊ ရိုက်သတ်ရင်တောင်ကုန်ဘူး။ ဒါမှမဟုတ်ကျွန်တော်လည်း ဒီမှာအဆင်ပြေရင် အေးဂျင့်ပဲပြန်လာ လုပ်တော့မယ်။ သူတို့တွေဒီကိုလာတာ ဒီမှာရှိတဲ့လူတွေက ကူညီတာများတယ်ဗျ။ မျိုးချစ်စိတ်ပေါ့၊ သူတို့ကတော့ အားကျဖို့ ကောင်းတယ်ဗျ။ စည်းလုံးကျတယ်။ ဒါနဲ့ပြန်ဆက်ဦးမှ သင်တန်းပြီး၇င်ဟော်တယ်မှာ ခဏ၀င်လုပ်ပေါ့ ခဏပေါ့။ ဖြစ်ချင်ရင် ဖြစ် ပါတယ်ဗျာ တစ်ကယ်ပါ။ အီးကလည်း ပြောတတ်မယ်၊ အလုပ်ကိုလည်း နည်းနည်းသိမယ် ဆို ကမ္ဘာမှာဒီလောက်ယဉ်ကျေးတဲ့ လူမျိုးကိုဘယ်သူကမခေါ်ပဲရှိမလဲဗျာ။ ဒီမှာဟော်တယ်တွေက ဆောက်လက်စတွေနည်းတာမုတ်ဘူး တစ်ကယ်ပြောတာ။ ကျွန် တော်ဆို 2နှစ်မပြည့်သေးဘူး ၂လုံးရှိပြီ ဗျာပြောင်းတာ။ ထက်ပြောင်းဖို့လည်း စီစဉ်နေတယ်ပေါ့ဗျာ။ နောက်တစ်ခုက မြန်မာ တွေကအေးတယ်ဗျာ ခိုင်းရင်လုပ်တယ်၊ ရိုကျိုးတယ် စကားမများဘူး ဂျီးမများဘူး ဒီတော့ လူကြီးတွေကတစ်ကယ်ကို ကျိုက် တယ်ဗျ။ တစ်ကယ်ပြောတာ ကျွန်တော်ဆို အရင်ကဆရာမကြီးကအရမ်းကြိုက်တာ ၊ အခုဂျီအမ်ကလည်းအရမ်းသဘောကောင်း တာ၊မစ်စတာဘားမား ဆိုတာကြီးပဲ။ ပြောချင်တာဗျာ နောက်ဆုံး ဟော်တယ်မှာ မလုပ်လည်း ပညာရေးအခြေခံလည်းကောင်း၇င် ဒီက ကမ္ဘာကျောမောကြီးတွေမှာ အရောင်းဝန်ထမ်းလုပ်လို့လဲရတယ်၊ ကိုယ့်လုပ်ထားတဲ့ (ကံ) ပေါ်မှာမူတည်တယ်ပေါ့နော်၊ပြီး တော့ ဒီအာရပ်နိုင်ငံတွေက အရမ်းကိုချမ်းသားတာဗျ၊ အမေရိကန်ကမထုမချင်းပေါ့ (နောက်တာ )၊ ကျွန်တော့တို့ ယူအေအီး ကခုဆို နယူစွမ်းအင်တောင်စပြီးလုပ်နေကျပြီအမေရိကန်ရဲ့ အကူအညီနဲ့ပေါ့ ဟိုကနည်းပညာတစ်စိတ်တစ်ပိုင်းပေါ့။ ဘယ် လောက်ချမ်းသာသလဲဆိုတာ အင်တာနက်ကနေ့ကြည့်ကြည့်ပါ ။ဒါမှမဟုတ်ဒီရောက်ရင်သိမယ်ပေါ့။ ပြောတာများသွားပြီထင် တယ်အဲဒီတော့ ကိုယ့်နိုင်ငံကိုလည်းချစ်ပေါ့ ထိုက်သင့်သလောက်တော့အမိမြေမှာနေပြီပြီပဲ။ အပြင်လေးဘာလေးထွက်ဖို့ စ လုပ်တော့ပေါ့။ အင်တာနက်မှာလည်း လျှောက်ကြည့်ပေါ့၊ အားလုံးကိုဖြစ်စေချင်တယ်ဗျာ ဒီမှာတောင်ကျွန်တော်ပြောသလို အဲ့လိုလူမျိုးတွေအများကြိးဟာ မုတ်ဘူးလား လာချင်ရင်အလွယ်လေးပါ မလေးထက်ကောင်းတယ်လို့ပြောရစေနော်။ အရေး ကြီးဆုံးတစ်ခုဗျ ဒီနိုင်ငံကမူစလင်နိုင်ငံဆိုတော့ မူစလင်လူမျိုးတွေအတွက် ပိုလာဖို့အခွင့်အရေးရှိပေမယ့် သူတို့မန်းပါဝါတွေ အများကြီးလိုနေသေးတယ်ဆိုတာပြောပါရစေဗျာ။ လာချင်ရင် ဖြစ်ချင်ရင် ကျွန်တော်ပြောတာကိုနည်းနည်းလေးရတယ်ဆိုရင် ကူညီမယ်ဗျာ တတ်နိုင်သလောက်ပေါ့။ အပြောကြီးတာတော့မဟုတ်ပါဘူးကျွန်တော်သိသလောက်ပေါ့အစွမ်းကုန်ပေါ့ မုတ်ဘူး လား။ အင်္ဂလိပ်စာတော့ အရမ်းအရေးကြီတယ်လို့ပြောပါရစေဗျာ။ ဘုန်းတော်ကြီးကျောင်းမှာသုံးလဆို ဘွတ်ရွှတ်တော့ကောင်း ကောင်းရပါတယ်ဗျာ။ ဟော်တယ်သင်တန်းက 2 လ အိုဗျာ အများဆုံး တစ်နှစ်အတွင်း ပေါ့မုတ်ဘူးလား။ ညတိုင်းဘာသာရေး လေးလုပ်ရင်းစသာလုပ်ပေတော့ဗျာ။ ဆုတောင်းပေးပါမယ့် ကျွန်တော်လည်း ဒီကိုမလာခင်က ဘုရားမှာ စနေ့နေ့တိုင်းတံပျက် စည်း(ကလျာဏပါရမီ )အသင်းမှာ ဗော်လန်တီယာဝင်လှည်းတယ်ဗျာ။ ကောင်းမှူကုသိုလ်လေးတွေလည်းလုပ်ပေါ့။ စာလည်းအ တော်ရှည်နေပြီ။ အမှားပါရင် ထပ်လောင်းတောင်းပန်တယ်ဗျာ။
ရဲ့ရင်ဝင်းနိုင်

No comments:

Post a Comment

သင့် ရဲ့တန်ဖိုးရှိလှတဲ့အချိန်လေးမှာ အခုလိုရေးသွားတဲ့ အတွက်ကျေးဇူးပါ။ :)


Powered by IP2Location.com