Friday, June 19, 2009

အရက်တို့၏ သဘော သဘာဝ

၁။ ပထမတွင် စိတ်ထဲမှာ ပျော်လာသည်။ စကားများလာသည်။ ၀ိုင်းဖွဲ့၍ အပေါင်းအသင်းများလာ လေလေ လက်ပံပင်ကို ဆက်ရက်ကျသလို ရှိသဖြင့် ဆက်ရက်မင်းစည်းစိမ်ဟု ခေါ်ပါသည်။

၂။ ဒုတိယအဆင့်တွင် စိတ်ဓာတ်ကြွလာသည်။ ဒေါသဖြစ်လာသည်။ ရန်လိုလာသည်။ ရမ်းချင်လာသည်။ ဘီလူးစည်းစိမ်ဟုခေါ်ပါသည်။

၃။ အမူးလွန်ပြီး အိပ်ပျော်သွားသည်။ တွေ့ရာနေရာတွင် အိပ်ပျော်သွားသည်။ တော်တော်နှင့် မနိုးတော့ပါ။ နဂါးမင်းစည်းစိမ်ဟု ခေါ်ပါသည်။

၎။ အိပ်ရာမှ နိုးသော် အမူးမပြေသေးဘဲ ခေါင်းကိုက်လာသည်။ ရေငတ်လာသည်။ စိတ်ဓာတ်ကျပြီး မရွှင်မလန်းဖြစ်လာသည်။ အရက်မူးစဉ်က ကြမ်းခဲ့ရမ်းခဲ့သည်များကို ပြန်သတိရမိပါက နောင်တရသလို ဖြစ်လာသည်။ အရက်နာကျပြီး လင်းတမှိုင်သလို ဖြစ်နေသဖြင့် လင်းတမင်း စည်းစိမ်ဟု ခေါ်ပါသည်။

လူငယ်နှင့်ကျန်းမာရေး - ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
သောက်ချင်သူကတော့ ဆင်ခြေလေးပေးပြီးသောက်မယ် မသောက်ချင်တဲ့ သူကတော့ ဆေးအဖြစ်တောင်မလိမ်းဘူး.
သင်ကသင့်ခန္ဓာကိုယ်ကို ငယ်တုံးမှာ စောင့်ရှောက်မှ သူကတစ်ဖန် သင်ကြီးလာသောအခါ ပြန်၍ စောင့်ရှောက်လိမ့်မည် လို့ထင်ပါတယ်။။

No comments:

Post a Comment

သင့် ရဲ့တန်ဖိုးရှိလှတဲ့အချိန်လေးမှာ အခုလိုရေးသွားတဲ့ အတွက်ကျေးဇူးပါ။ :)


Powered by IP2Location.com