Friday, June 19, 2009

သင်သေသွားသော်


သြော် ... လူ့ပြည်လောက လူ့ဘ၀ကား
အိုရ နာရ သေရဦးမည် မှန်ပေသည်တည့်။
သို့တပြီးကား သင်သေသွားသော် ...

သင်ဖွားသောမြေ သင်တို့မြေသည်
အခြေတိုးမြင့် ကျန်ကောင်းသင့်၏

သင်၏မျိုးသား စာစကားလည်း
ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏

သင်ဦးချ၍ အမျှဝေရာ စေတီသာနှင့်
သစ္စာအရောင် ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ၀င်းလျက် ကျန်စေသတည်း။


ဇော်ဂျီ

No comments:

Post a Comment

သင့် ရဲ့တန်ဖိုးရှိလှတဲ့အချိန်လေးမှာ အခုလိုရေးသွားတဲ့ အတွက်ကျေးဇူးပါ။ :)


Powered by IP2Location.com